Mr. Guan

သူ့မျက်နှာနီရဲရဲ
သူ့ဝတ်ရုံ အစိမ်းရင့်ရင့်
နောက်ကျောက မခုတ်တဲ့ နဂါးစိမ်း ဓားပြားလှံရှည်
နတ်ဘုရားလို စံထားလောက်တဲ့ သူရဲ့ ပြယုဒ်
ခုတော့ ဒီပြယုဒ် ဆိုတာ
ဟိုး............... အဝေးတောင်စွယ်ကြားက နေလုံးနဲ့အတူ
ပျောက်ဆုံးသွားတော့မှာလား..............။

ဗီလိန်

9 ...သူတို့အမြင်...:

ဖိုးစိန် said...

ရိုက်ချက်က ကွက်တိပဲ

မခုတ်တဲ့ ဓားဆိုတော့ အဲဒီဓားကို ပြစားတယ်လား..

နေဝင်ချိန်နဲ့ကွက်တိနော်

တော်ချက်

kaungkinpyar said...

မမ ပဲ မျက်စိမကောင်းတာ ထင်ပါတယ် မျက်မှန် တပ်ကြည့်တာတောင် ရေးရေးပဲ ပေါ်တယ်...း)

mama said...

ဘယ်မှာတုံး နေလုံး
မမ

noblemoe said...

မနေ့ ကပဲရိုက်တယ် မြန်လိုက်တာ ပုံကတော့ ပြောစရာမလိုအောင်ပဲ ဒီတိုင်းဆို လုပ်စားလို့ ရပြီ ဆက်ကြိုးစား နောက်တစ်ခါရိုက်ရင် မမေ့ ပဲပါလာရမဲ့ ဟာတွေမှတ်မိတယ်နော်
သာယာချမ်းမြေ့ပါစေ။
မိုး

မေဇင် said...

ဘာကိုပြောတာလဲ......ဘယ်သူ့ပုံလဲ...မဲမဲကြီးပဲ မြင်ရတယ်... အနုပညာ မခံတတ်သူ ကို ခွေးလွတ်ပါ...။း))

မြရေလျဉ် said...

ဒီပုံ ငါသိသလိုပါပဲ.....

မိုက်တယ်အေ
တော်လိုက်တာ

ခရေညို said...

အရောင်လည်းမမြင်ရပါလား? အမည်းရောင်ပဲမြင်ရတယ်

ဏီ(န်)ကင်း said...

တရုတ်ပန်းခြံထဲကထင်တယ်...ဟုတ်လားဗျ

အိမ် said...

နဂးစိမ်းဓါးမဟုတ်ဘူး နဂးနိုင်ဓါးဖြစ်လိမ့်မယ်၊ ဟိ