Leave me alone

ဘဝထဲမှာ အရမ်းမောနေလို့ ဗီလိန်ရဲ့အိပ်ရာကို ခဏလောက် ပစ်ထားပါမယ်။ အဟောင်းလေးတွေ နဲ့ ပဲ ဧည့်ဝတ်မကျေမှုကို ဖာထေးချင်ပါတယ်။ အရိမဒ္ဒနပူရ သူရဲကောင်း ကိုလည်း ဆက်လက်လို့ မတင်ဆက်နိုင်သေးတဲ့အတွက်လည်း ဝမ်းနည်းမိပါတယ်။ အစကတော့ အတွဲ (၁) က ပြီးကာနီးပြီမို့ အတွဲ (၁) ပြီးမှ နားမလို့ပါ။ အခုတော့ ဘယ်လိုမှ ဆက်လက်ဖို့ အင်အားမရှိသေးလို့ ခွင့်လွှတ်ပေးကြပါ။ ဘယ်အချိန် ပုံမှန် ပြန်လည်လည်ပတ်မယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဗီလိန်

17 ...သူတို့အမြင်...:

စန္ဒကူးမေ said...

ကောင်းကောင်းအိပ်..အနားယူ.. ပီးရင်ပြန်လာ...
ဒါပဲ...း)

မေဇင် said...

ဒီနေ့ သောကြာ နေဆိုပြီး အရိမဒ္ဒနပူရ သူရဲကောင်း ကိုလဲ မျှော်နေမိသေးတယ်..။

လူနေမကောင်းတာလား ၊ စိတ်နေ မကောင်းတာလား... ဘာမှန်း မသိပေမယ့်... စိတ်မကောင်းပါဘူး...။ ပုံမှန်အမြန်ဆုံး ပြန်လည်ပတ်နိုင်ပါစေ..။

နန်းညီ said...

အိုဘယ့် ငဗီလိန် ဘာတွေဖြစ်(စ်)

sait phay yar said...

အိပ်ယာထဲလဲပီလား ဗီး ဆေးသောက်ပါလို့ပြောရဲ့သားနဲ့
သေချာပီထင်တယ် အေဘီစီ...

kaungkinpyar said...

မျှော်နေပါမယ်း)

အနမ်း said...

အိပ်ယာပစ်ပြီးနားလို့ တော့မဖြစ်ဖူးလေ။ နားရင်အိပ်ယာပေါ်မှာနားရတာမဟုတ်လား။း)
နောက်တာပါ။ ဘ၀ရဲ့ အမောများပြေပြီး၊ အဆင်ပြေ ပျော်ရွှင်နိုင်ပါစေ။

ဖိုးဂျယ် said...

ဘာမှန်းတော့ မသိပေမဲ့ အမြန်ဆုံး ပြန်လာနိုင်ပါစေကွာ
အိပ်ယာပေါ်မှာပဲ အေးဆေးနားပေါ့ကွ

ပျော်ရွှင်ပါစေကွာ

မင်းရဲ့ ဖိုးဂျယ်

မောင်ဖားကြီး said...

အေးဗျာ ခင်ဗျားစာတွေ ဖတ်ရအောင်စောင့်ရဦးမှာပေါ့ ... အေးအေးဆေးဆေးမြန်မြန်နားပြီးရင် ပြန်ရေးပါဗျို့ ... အလုပ်တွေရှုတ် စိတ်တွေရှုတ်လာရင် ဘလော့က အချိန်တော်တော်ပေးရတယ် ကိုဗီလိန်ရေ ... ကိုယ်ချင်းစာပါကြောင်း

ခရေညို said...

ဘာပဲဖြစ်ဖြစ် အသစ်တင်မဲ့ ရက်ကိုစောင့်ဖတ်ပါမယ်

ဖိုးသင်္ကြန် said...

သယ်ရင်းရေ။
ဇာတ်လမ်းလေးတော့ ဆုံးအောင်ရေးပါကွ

အိမ် said...

ပြီးသေးဘူးလားဗျ...။ ဆက်လုပ် ရဲဘော်

နေ့အိပ်မက် said...

လူပျောက်တာ ထားပါတော့ စီဘောက်စ်ကဘယ်ကမ္ဘာရောက်

မင်းအိမ်ဖြူ said...

Hi Bro

What happened to you ? Is ok everything ?

Just waiting you and your posts .

Anyway take care !

Best Wishes

Minneain Phyu

နေ့အိပ်မက် said...

ဘ၀အမောကို ဘလော့ထဲမှာလာဖြေရမယ့်ဟာ ပစ်သွားရတယ်လို့.... မနန်းညီလုပ်ပေးထားတဲ့ ဗိုဒီမော့ကြီးတော့ ဒီမှာဟယ်ရီပေါ်တာလာချသွားလို့ ဘ၀ပြောင်းနေရတာ ဆယ့်နှစ်ခါလောက်ရှိနေပြီ...... ဆီဗုံးလည်းမထားခဲ့ပါလားနော်.. :(

khin oo may said...

အခြေအနေ..

khin oo may said...

ဟိတ်..

ကြယ်စင်က said...

Cbox လေးထားထားတာ အဆင်ပြေမယ်နဲ့တူတယ် ။ အလွယ်တကူ reply လုပ်လို့ရတာပေါ့။

ကြည့်ရတာ အကိုက အဲ့ ဆိုဒ် ကို စာမျက်နှာအသစ်နဲ့ စာရိုက်ပြီး ဖွင့်တယ်နဲ့တူတယ်။ ကျွန်တော့်စာမျက်နှာမှာ referral link တစ်ခါတည်းပါပြီးသားပါ။ ခုတော့ အနော့်ကို support လုပ်ဖို့ရာဆိုတာ မဖြစ်နိုင်တော့ပါဘူး။

အင်း ... direct referral link ပဲကောင်းပါတယ်။ ပြန်ပြင်လိုက်ပါတော့မယ်။ ကျေးဇူးပါ။

(တကယ်လို့ support လုပ်ဖို့ တကယ်ဆန္ဒရှိသေးတယ်ဆိုရင်တော့ အနော့်လင့်ခ်
http://www.neobux.com/?rh=6469736E6579626F79
ကို တစ်ခြားသူများဆီ refer လုပ်ပေးပါ။ လုပ်ပေးမယ်ဆိုရင်တော့ အရမ်းကျေးဇူးတင်မိနေမှာပါ။)

ခုလိုလာလည် ဖတ်ရှုအားပေးတဲ့အတွက်လည်း ကျေးဇူးပါ။ :)